ပြာသိုလဘွဲ့ လွမ်းချင်း

From Wikisource
Jump to navigation Jump to search
183951ပြာသိုလဘွဲ့ လွမ်းချင်းမဟာအတုလမင်းကြီး

တိမ်ခြေငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို
လပြာသိုလ်
နွယ်ခွာညို ကြိုင်ကြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့ လကိုလေး။

ရောင်သိင်္ဂီငယ်
ကြယ်ညီဖုသျှ၊ မကာရမို့
အမရဦးကင်၊ နန်းရင်ပြင်မှာ
လှရင်မြင်းခင်း၊ သဘင်ကျင်းလို့
ရာမင်းထွက်စံ
ဗိုလ်ညီလာခံသောခါ
ဆဒ္ဒန်ပိုင့်ပြောင်မွန်မှာ
အောင်တံခွန် တေဇာမြူးပါလို့
ထူးလှတယ်လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse